
Rilawnh in ara mi ralhrangbu hna cu Kani PDF nih an kah hna ralhrang 8 thi Kani peng Yin Ying Taw Teih ah nizan ah rilawnh in ara mi ralhrangbu hna cu Kani PDF nih kham in an kah hna i ralhrang 8 an ghi 3 an hiam i mizapi vengtu ralkap lei in ahliammi an um lo tein hnu kan tolh khawh tiah Kani PDF nih tuni November 22 ni ah athanh. Than Lwin Khet

YDF nih Kawl ralkap 11 thah, hriamnaam zong an laakchih, Nizaan November 21, Gangaw Peng Min khua Palek sakhaan in a rak i thawh mi Kawl ralkap motor 5 cu Yaw Defense Force (YDF) le an hawile nih bomb an rak puahhnawh hna i 11 an thi, 20 renglo an i hliam, tiah YDF nih an thanh. Bomb 12 an rak puahhnawh hna. Ralbawi (Major rank) tel in 11 an thi i 20 leng an hliamh hna. Cun, MA kuanfang 400 renglo, uniform 2, zeenbawm 2, angki le kedan tibantuk an lakchih.
November 21, ni khat chung ah Kawl ralkap le MNDAA (Kokant) voi 6 tiang an i kap, Kawl ralkap 20 leng an thi i MNDAA lei in pakhat nunnak a liam ve. ယမန်နေ့တွင် စစ်ကောင်စီနှင့် ကိုးကန့်MNDAA တို့တိုက်ပွဲ ၆ ကြိမ်ဖြစ် ပွားခဲ့ပြီး စစ်ကောင်စီမှ လက်နက်ကြီးကျည် ထောင်ချီပစ်ခတ်တိုက်ခိုက်ခဲ့ နိုဝင်ဘာလ ၂၁ ရက်နေ့သတင်း ယမန်နေ့တွင် စစ်ကောင်စီနှင့် ကိုးကန့်MNDAA သည် အထူးဒေသ (၁) မုံးကိုးခရိုင်ဒေသ၌ တိုက်ပွဲ (၆)ကြိမ်ဖြစ်ပွားခဲ့ပြီး ရှိကျိကျတောင်တန်းနှင့် မန်ရန်ဒေသရှိ ကိုးကန့် MNDAA ၏တပ်စခန်းကို လက်နက်ကြီးကျည်ထောင်ချီဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ပါသည်။

နံနက် ၇ နာရီ ၃၀ မိနစ်ခန့်တွင် စစ်ကောင်စီမှ တပ်မ(၉၉) လက် အောက်ခံတပ်ရင်း(၁၅)နှင့် တပ်မ(၇၇)လက်အောက်ခံ တပ်ရင်း(၁၀၅)တို့ ၏ ပူးပေါင်းစစ်ဆင်ရေးတပ်ဖွဲ့သည် ကိုးကန့်MNDAAရှိ မန်ရန် တပ်စခန်းကို (၂)ကြိမ်ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့သည်။ နေ့လည် ၁၁ နာရီဝန်းကျင်တွင် စစ်ကောင်စီကိုနောက်ပြန်ဆုတ်အောင် ပြန်လည်ခုခံနိုင်ခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးသူ (၂၀)ကျော်ခန့်ရှိခဲ့ပါသည်။ ကိုးကန့်MNDAAအနေဖြင့် (၃)ဦးဒဏ်ရာရပြီး (၁)ဦး တိုင်းပြည်နှင့် လူမျိုးအတွက် အသက်စွန့်ခဲ့ရပါသည်။
လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းသည် စစ်ကောင်စီမှ သုံးလေ့သုံးထရှိသော စစ်ပရိယာယ်တစ်မျိုးဖြစ်သည်။ စစ်ကောင်စီတပ်တို့သည် မုံးကိုးတိုက်ပွဲတစ်ကြော့ပြန် ပေါက်ပွားချိန်မှ စတင်၍ မုံးကိုးခရိုင် ၊ ရှိကျိကျ တောင်တန်း နှင့် မန်ရန် ဒေသရှိ ကိုးကန့်MNDAAတပ်စခန်းကို လက်နက် ကြီးများဖြင့် နေ့စဉ်ပစ်ခတ်တိုက်ခိုက်ခဲ့ပါသည်။ ယမန်နေ့ တစ်ရက်အတွင်း စစ်ကောင်စီမှ မန်ရန် ဒေသရှိ ကိုးကန့်MNDAAတပ်စခန်းကို လက်နက်ကြီးကျည် စုစုပေါင်း (၉၀၀)ကျော် ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပါသည်။

နိုဝင်ဘာလ ၁၉ ရက်နေ့ ည ၂၁ နာရီ ၃၀ မိနစ်ခန့်တွင် ကိုးကန့်MNDAAမှ ထိုးစစ်ဆင်တိုက် ခိုက်လာသော စစ်ကောင်စီ၏ တပ်မ(၇၇)လက်အောက်ခံ တပ်ရင်း(၆)ကို နှစ်ကြိမ် နောက်ပြန်ဆုတ် တိုက်ခိုက်နိုင်ခဲ့ပြီး စစ်ကောင်စီမှ လက်နက်ကြီးများဖြင့် ရှိကျိကျ တောင်တန်းကို ပစ်ခက်တိုက်ခိုက်ခဲ့သည် ။ ၂၀ ရက်နေ့ နံနက် ၆ နာရီခန့်မှ ရပ်တန့်သွားပြီး စုစု ပေါင်းပစ်ခတ် တိုက်ခိုက်ခဲ့သော လက်နက်ကြီးကျည်မှာ (၅၀၀)ကျော်ခန့်ရှိပါသည်။ ယမန်နေ့ တစ်ရက်အတွင်း စစ်ကောင်စီနှင့် ကိုးကန့်MNDAA တို့သည် မုံးကိုးခရိုင်၏ ပန်ရင်လပ ၊ ပန်ဆာတောင်ကုန်း၊ ရှပန်ဆာ ၊ ချင်ချိုင့်ထန်တောင်ကုန်းနှင့် ဖောင်းဆိုင်တံတား စသောနေရာများတွင် တိုက်ပွဲများဖြစ်ပွားခဲ့သည်။ TheKokang
Leave a Reply