
Chin Pastor Pakhat PDF tiah an Puh i SAC Ralhrang Hremnak in Nunnak Liam — Magwe ramtthen, Saduh-daya peng, Thake-daung khuate ah Pathian rian a ttuan liomi Asho Chin pastor Salai Ngwe Kyar cu PDF na si tiah a nunnak a liam, tiah thawng kan theih.

December 6 ah khan Saw peng chung ah Khrihfabu rianherh khual a tlawn lio ah SAC ralhrang nih an rak tlaih. PDF na si tiah an puh i, Saduh-daya palik zung ah ralhrang nih ruru hranghrang in an hrem ruang ah December 8 ah Magwe General Hospital ah an chiah. An hremnak hliamhma in,.
Pastor Salai Ngwe Kyar cu nihin December 9 zinglei ah Pathian ttang ah aa din. Pastor Salai Ngwe Kyar hi Thake-daung khuate ah a tthanglianmi a si i, Baibal sianginn a dih hnu in an khua Baptist Khrihfabu ah Pathian rian a ttuanmi a si. Burmese

မကွေးတိုင်းတွင် ခရစ်ယာန်ဓမ္မဆရာတစ်ပါးကို PDF လို့စွပ်စွဲကာစစ်ကောင်စီတပ်ကဖမ်းဆီးပြီး စစ်ကြောရေးဒဏ်ကြောင့် ကွယ်လွန် Zalen – မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်၊ သက္ကယ်တောင်ကျေးရွာတွင် နေထိုင်တဲ့ အရှိုချင်းနှစ်ခြင်းခရစ်ယာန်အသင်းတော် ဓမ္မဆရာဖြစ်တဲ့ ဆလိုင်းငွေကြာဟာ အသင်းတော်တာဝန်ဖြင့် ဒီဇင်ဘာ ၆ ရက်နေ့တွင် ဆောမြို့နယ်သို့ သွားရာလမ်းတွင် အကြမ်းဖက် စစ်ကောင်စီတပ်က PDF အဖွဲ့ဝင်လို့ စွပ်စွဲကာ မတရားဖမ်းဆီးကြပါတယ်။
ပြီးနောက် စေတုတ္တရာမြို့နယ် ရဲစခန်းသို့ အကြမ်းဖက် စစ်ကောင်စီတပ်က ဆလိုင်းငွေကြာကို လူမဆန်စွာကြမ်းတမ်းရက်စက်ပြင်းထန်စွာနှီပ်စက်စစ်ကြောမေးမြန်းခဲ့ပြီး ဒီဇင်ဘာလ ၈ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ပြည်သူ့ဆေးရုံသို့ လွှဲပြောင်းပေးခဲ့ရာ ယနေ့ ဒီဇင်ဘာ ၉ ရက်နံနက်ခင်းတွင် ဆလိုင်းငွေကြာ ဆုံးပါးသွားခဲ့ပါတယ်။

ဆလိုင်းငွေကြာဟာ မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်၊ သက္ကယ်တောင်ကျေးရွာတွင် မွေးဖွားခဲ့သော အရှိုချင်းတိုင်းရင်းသားတစ်ဦးဖြစ်ပြီး ပြည်မြို့ အရှိုချင်း နှစ်ငြခ်းကျမ်းစာကျောင်းတွင် ဒမ္မပညာသင်ယူနေသူလည်းဖြစ်၍ လက်ရှိတွင်လည်း သက္ကယ်တောင်ကျေးရွာ အရှိုချင်း နှစ်ခြင်းခရစ်ယာန်အသင်းတော်ရဲ့ ဓမ္မဆရာအဖြစ် သာသနာပြုလျက် ရပ်ရွာဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင်လည်း ဦးဆောင်ပါဝင်နေသူတစ်ဦးဖြစ်ပါတယ်။
ယခုကဲ့သို့ ရပ်ရွာဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် စိတ်အားတက်ကြွစွာဆောင်ရွက်နေသော အရှိုချင်း နှစ်ခြင်းခရစ်ယာန်အသင်းတော်ရဲ့ ဓမ္မဆရာဖြစ်သူကို မတရားဖမ်းဆီး အကြမ်းဖက်သတ်ဖြတ်ခဲ့သော စစ်ကောင်စီရဲ့ ရွံရှာစက်ဆုပ်အော့နှလုံးနာစရာကောင်းသည့် လုပ်ရပ်ကို ပြင်းထန်စွာပြစ်တင်ကန့်ကွက်ရှုတ်ချတယ်လို့ မကွေးတိုင်းလူထုတိုက်ပွဲကော်မတီက ယနေ့ ဒီဇင်ဘာ ၉ ရက်တွင် ထုတ်ပြန်ကြေညာသွားပါတယ်။ – The Chin Journal
Leave a Reply