PDF Ralbawi An Tlaih Timi Kongah Thawngfiang An ThanhnCang

Pale-PDF hruaitu Bo Naga an tlaih ti mi hi Thazin Oo ti mi Telegram Channel ah lih le hrawkhrol in an tawnchom mi thawng a si. Sagaing ram then Pale Myo ah PDF Ralbawi bo nga an tlaih tiah mi za pi hmunh awk in mi pakhat cu a kuk an bil ter i PDF ralbawi kan tlaih tiah ralhrang thawngchimnak Thazin Oo ti mi Telegram Channel nih a langhter mi ci a dik lomi thawng asi tiah theih asi hnangam deuh asi.

An ralchia deuh hna sehlaw a hohmanh kan mah doh ah i thawng ngam hna hlah seh tima an i tinh mi si hnga, an lih rumro in thawng an hun thanh hi, Tutan ah PDF Bo nga kan tlaih tiah an hman mi hmanthlah hi hmanthlak thing a hlan pi hman thlak asi tiah theih asi. Mizzima

ပုလဲ PDF ခေါင်းဆောင် ဗိုလ်နဂါးဖမ်းခံရ ဆိုသည်မှာ သတင်းမှားသာဖြစ် စစ်ကိုင်းတိုင်း၊ပုလဲမြို့အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်၏ခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်နဂါးအားဖမ်းဆီးရမိပြီဆိုသည့် သတင်းနှင့်အတူ ဓာတ်ပုံတစ်ပုံ လူမှုကွန်ရက်တွင် ပြန့်နှံ့နေသည်ကို တွေ့ရှိရသည်။

ဒီလိုသတင်းမှားကို စစ်တပ်သတင်းများ အသားပေးဖော်ပြသည့် Telegram Channel တစ်ခုဖြစ်သည့် Thazin Oo ဆိုသည့် channel တွင် “စစ်ကိုင်းတိုင်း ဂျိုလ်ကြွနေတဲ့ PDF ခေါင်းဆောင် ဗိုလ်နဂါးဆိုသူ ဖမ်းဆီးရမိဟု” ဖော်ပြပြီး စတင်ဖြန့်ဝေမှု ပြုလုပ်ခဲ့သည်။ အဲ့ဒီသတင်းမှာ အမျိုးသားတစ်ဦး

ဒူးထောက်ထိုင်နေပုံနှင့် အတူ အနောက်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားမှ ခြေထောက်တင်ထားသည့် ဓာတ်ပုံကိုပါ ဖြန့်ဝေခဲ့သည်။ မဇ္ဈိမ၏ သတင်းမှား တိုက်ဖျက်ရေးအစီအစဉ်မှ ပုလဲ PDF ခေါင်းဆောင် ဗိုလ်နဂါးထံဆက်သွယ်မေးမြန်းကြည့်ရာတွင် “လက်ရှိပြန့်နှံ့နေတဲ့ ဓာတ်ပုံဟာ ကလေးမှာ လွန်ခဲ့တဲ့ အချိန်တော်တော်ကြာကြာတုန်းက ဓာတ်ပုံပါ၊ ကျွန်တော့်ကို ဖမ်းမိပြီဆိုပြီး သတင်းလွင့်နေတာ သုံးခါရှိပြီ၊

အရင် သူတို့ဗျူဟာမှူးသေတုန်းကတစ်ခါ၊ ကျွန်တော့်ကို ဖမ်းမိတယ်ဆိုပြီး သတင်းလွင့်ပါသေးတယ်” ဟု ပြန်လည်ဖြေကြားခဲ့သည်။ ထို့ကြောင့် လက်ရှိပြန့်နှံ့နေသည့် ပုလဲ PDF ခေါင်းဆောင်ဗိုလ်နဂါးဖမ်းဆီးခံရသည်ဆိုသည်မှာ ဓာတ်ပုံအဟောင်းတစ်ခုအသုံးပြုထားသည့် သတင်းအမှားဖြစ်ကြောင်းသိရှိရသည် Mizzima

Be the first to comment

Leave a Reply

Your email address will not be published.


*