Chin Pakhat Bomb Nih a Puah

Yangon Bomb Puahnak ah Laimi Pakhat Hliampu, Pastor Pakhat Tlaih Tong ve , Nizaan November 25 ah Yangon ramtthen, North Dagon sang no. 38, Tapin Shwehti lam le Maha Bandula lamton ah a ummi inn pakhat ah bomb a puak i Laimi pakhat hliamhma a pu ve, tiah thawng kan theih. Bomb puah ruang ah Falam peng mi,.

Johnson Van Biak Lawm, Kyaw Thiha le Aung Khant Paing hliamhma an pu i, Kyaw Thiha cu sizung ah a nunnak a liam. Bomb a puahnak inntek chungkhar zong SAC ralhrang nih an tlaih dih hna. Tlaihmi lak ah kum upa tar pakhat le COVID-19 sii chunh ding in a hngakmi pastor pakhat zong aa tel, tiah thawng kan theih. SAC ralhrang thawngzamhnak MWD nih cun bomb an sernak ah a puak, tiah a langhter. Burmese

ရန်ကုန် ပေါက်ကွဲမှု ၁ယောက်သေဆုံးပြီး ဓမ္မအမှုဆောင်တစ်ပါးအပါအဝင်မိသားစုဝင်တွေဖမ်းဆီးခေါ်ဆောင် -ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ် ၃၈ ရပ်ကွက်၊ တပင်ရွှေထီးလမ်းနဲ့ မဟာဗန္ဓလလမ်းထောင့်က အိမ်အပေါ်ထပ်ကနေ မနေ့ နိုဝင်ဘာ ၂၅ ရက် မနက် ၉ နာရီလောက်တွင် ပေါက်ကွဲမှုဖြစ်ပွားပြီး လူငယ် ၁ ယောက်သေဆုံးကာ ၂ ယောက်ဒဏ်ရာရရှိသွားတယ်လို့ကနဦးသတင်းရရှိထားပါတယ်။

ယင်းပေါက်ကွဲမှုကြောင့် ဂျွန်ဆင်ဗန်ဗျက်လောမ် (၁ရနှစ်)၊ ကျော်သီဟ (၁ရနှစ်)၊ အောင်ခန့်ပိုင် (၁ရနှစ်) တို့ဒဏ်ရာပြင်းထန်ရရှိကာ မင်္ဂလာဒုံဆေးရုံတွင် ကျော်သီဟ ဟာဒဏ်ရာနဲ့သေဆုံးသွားတယ်လို့ စစ်ကောင်စီဝါဒဖြန့် MWD သတင်းမှာဖော်ပြထားပါတယ်။ စစ်ကောင်စီဝါဒဖြန့် MWD သတင်းက လက်လုပ်မိုင်းစမ်းသပ်စဉ် ပေါက်ကွဲတာလို့ဖော်ပြထားပေမယ့် ဖြစ်စဉ်အသေးစိတ်ကို စုံစမ်းနေဆဲဖြစ်ပါတယ်။

ဂျွန်ဆင်ဗန်ဗျက်လောမ်ဟာ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ကနေ ရန်ကုန်မြို့သို့လာရောက်နေထိုင်တဲ့သူဖြစ်ပါတယ်။ ဒါကြောင့် ပေါက်ကွဲမှုဖြစ်ပွားတဲ့နေအိမ်က အိမ်ရှင်မိသားစုတွေကိုဖမ်းဆီးခေါ်ဆောင်ပြီး ၄င်းတို့ထဲတွင် ကိုဗစ်ကာကွယ်ဆေးထိုးဖို့ လာရောက်စောင့်ဆိုင်းနေတဲ့ ခရစ်ယာန်ဓမ္မအမှုတော်ဆောင်တစ်ပါးလည်းပါဝင်ပါတယ်။ ၄င်းနေအိမ်တွင် သက်ကြီးရွယ်အိုတစ်ယောက်လည်းရှိကာ ၄င်းကိုလည်းဖမ်းဆီးခေါ်ဆောင်ထားခြင်းရှိ၊ မရှိမသိရသေးပါ။ Hmanthlak: Hliam a pumi Johnson Van Biak Lawm. – The Chin Journal

Be the first to comment

Leave a Reply

Your email address will not be published.


*